Monday, January 28, 2013

Message Not Sent ဆိုတဲ့ GSM သမားတွေအတွက်

Message Failed သွားတဲ့ သူတွေ အတွက်ပါ .. GSM မှာ Message မထွက်ပဲ လက်ခံလို့ ပဲရတာ သင့်ဖုန်းရဲ့  Message Centre မှားနေလို့ ပါ .. ဒါတွေဖြစ်ရတာကတော့ Android ရဲ့ အားနည်းချက်တွေကြောင့်ပါ .. ဘယ်လို ရအောင်လုပ်ရမလဲဆိုတော့ .. သင့်ဖုန်းရဲ့  Message ပုံစံစာအိတ်ကို တစ်ချက်နှိပ်လိုက်ပါ .. Message ထဲရောက်သွားရင် Menu တစ်ချက် ( screen အောက်က စာရွက်ပုံ ခလုတ်/touch လေးပါ) ပြီးရင် .. Setting ထဲကိုဝင်ပါ .. Message Centre ကိုရှာပါ .. တွေ့ ရင်တစ်ချက်နှိပ်ပြီး အောက်က နံပါတ်ကိုရိုက်ပါ ..
+9595930003
ဒါဆိုရင်တော့ သင့် Message တွေကို တစ်ခြားလူတွေ မြင်နိုင်ပါပြီ ။
အဲ .. ဖြစ်တတ်တာက Setting ထဲက Message Centre ကိုပြင်လို့ မရတဲ့ ဖုန်းတွေရှိပါတယ် .. ဒါဆိုရင်တော့ Sim Card ဖြုတ်ပြီး ပြင်လို့ ရတဲ့ Samsung လို ဖုန်းထဲမှာ သွားပြင်ပြီး ပြန်တပ်လိုက်ပါ .. ဒါဆိုရင်တော့ အိုကေပါပြီ .. ထပ်ဖြစ်တတ်တာက သင့်မှာ လဲတပ်စရာ Android ဖုန်းမရှိတတ်တာပါပဲ .. ကဲ ဒါဆိုရင်တော့ ကြိုက်တဲ့ JAVA handset(GSM) မှာ သင့် SIM Card ကိုသွားထည့်ပြီး Message ပို့ ကြည့်ပါ .. ရောက်သွားပါလိမ့်မယ်.. ပြီးမှ သင့်ဖုန်းဆီမှာပြန်လာတပ်ပါ ... အိုကေတယ်နော် ... :)

No comments:

Post a Comment