Monday, January 28, 2013

ငါးက နှိပ်ပေးသော ငါးမာဆက်

Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။

ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။

ယင်း အလေ့အထက်ရဲ့  အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများမှာပါ ပြုလုပ်ပြီး ဥရောပ၊ အမေရိက ထိကို ကူးဆက် သွားပါတယ်။ အချို့ ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့အထိ ပြုလုပ် ပါတယ်။ ယင်း ငါးများရဲ့  နှိပ်နှယ်ပေးမှုကြောင့် အကြောသေခြင်း၊ လေဖြတ် ခြင်းတို့မှ ပြန်လည်ကောင်းမွန်လာတဲ့ လက်တွေ့ သာဓကများ ရှိကြောင်း သိရပါတယ်။
---
Ref: wiki
ရိုးရာလေး
ထမင်းစားပြီးလျှင်ရှောင်ကြဉ်ရမည့် အချက်များ

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြ သည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အ ချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ်လျှော့ လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွား သည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ထို့ကြောင့်ထမင်းစားပြီး လမ်း မလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံး လိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

ကျန်းမာပျော်ရွှင်နိုင်ပါစေဗျာ .......

Ref:Health Digest
Message Not Sent ဆိုတဲ့ GSM သမားတွေအတွက်

Message Failed သွားတဲ့ သူတွေ အတွက်ပါ .. GSM မှာ Message မထွက်ပဲ လက်ခံလို့ ပဲရတာ သင့်ဖုန်းရဲ့  Message Centre မှားနေလို့ ပါ .. ဒါတွေဖြစ်ရတာကတော့ Android ရဲ့ အားနည်းချက်တွေကြောင့်ပါ .. ဘယ်လို ရအောင်လုပ်ရမလဲဆိုတော့ .. သင့်ဖုန်းရဲ့  Message ပုံစံစာအိတ်ကို တစ်ချက်နှိပ်လိုက်ပါ .. Message ထဲရောက်သွားရင် Menu တစ်ချက် ( screen အောက်က စာရွက်ပုံ ခလုတ်/touch လေးပါ) ပြီးရင် .. Setting ထဲကိုဝင်ပါ .. Message Centre ကိုရှာပါ .. တွေ့ ရင်တစ်ချက်နှိပ်ပြီး အောက်က နံပါတ်ကိုရိုက်ပါ ..
+9595930003
ဒါဆိုရင်တော့ သင့် Message တွေကို တစ်ခြားလူတွေ မြင်နိုင်ပါပြီ ။
အဲ .. ဖြစ်တတ်တာက Setting ထဲက Message Centre ကိုပြင်လို့ မရတဲ့ ဖုန်းတွေရှိပါတယ် .. ဒါဆိုရင်တော့ Sim Card ဖြုတ်ပြီး ပြင်လို့ ရတဲ့ Samsung လို ဖုန်းထဲမှာ သွားပြင်ပြီး ပြန်တပ်လိုက်ပါ .. ဒါဆိုရင်တော့ အိုကေပါပြီ .. ထပ်ဖြစ်တတ်တာက သင့်မှာ လဲတပ်စရာ Android ဖုန်းမရှိတတ်တာပါပဲ .. ကဲ ဒါဆိုရင်တော့ ကြိုက်တဲ့ JAVA handset(GSM) မှာ သင့် SIM Card ကိုသွားထည့်ပြီး Message ပို့ ကြည့်ပါ .. ရောက်သွားပါလိမ့်မယ်.. ပြီးမှ သင့်ဖုန်းဆီမှာပြန်လာတပ်ပါ ... အိုကေတယ်နော် ... :)

Pattern Lock မေ့သွားရင် ပြန်ဖြည်နည်း

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…


ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …

Ref: Software မြို့တော်
Yatanarpon Call Center

လူ့ဦးနှောက် ၏ မှတ်သားသိမ်းဆည်းနိုင်မှု ပမာဏ - Memory Storage

လူ့ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှု ပမာဏကို ဆေးပညာရှင်နဲ့ သိပ္ပံ ပညာရှင်တို့ ပူးပေါင်း၍ ရှာဖွေဖော်ထုတ်ထားပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီတော့ မတူနိုင်ပါဘူး။ ပျှမ်းမျှယူးထားတာ ဖြစ် ပါတယ်။ လူ့ ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှုက 256 Exabytes ဖြစ် ပါတယ်။ Exabyte ဆိုတာ သန်း ၁ထောင် ( ၁ ဘီလျံ ) ကိုယ်စားပြုပါတယ်။ ဒီတော့ 256 billion Gigabytes ရှိပါတယ်။ ဒီတော့ PC ၁.၂ ဘီလျံ အလုံးရေ မှာ ပါဝင်တဲ့ Hard drive ပေါင်း အရေအတွက်နဲ့ အတူတူပါပဲ။ ဖလောပီ Disk နဲ့ လမ်းခင်းရင် လကို ကျော်လွန်ပါတယ်။

ဒီတော့ လူတစ်ဦးရဲ့  ဦးနှောက်တွင်းက မှတ်ဥာဏ်အားလုံးကို ကွန်ပြူတာထဲ ထည့်သွင်းမယ်ဆိုရင် Google Data Center တစ်ခု တောင် မလုံလောက် ပါဘူး။ 256 billion Gigabytes မှတ်သားနိုင်တဲ့အတွက် လူသားတွေကို ကမ္ဘာ့အကြီးဆုံး Memory Storage Machine/Device အဖြစ် သတ် မှတ်နိုင်ကြောင်း သိရပါတယ်။
--
Ref: technote
Aung Kham (TSJ team)

TechSpace Journal

Tuesday, October 2, 2012

WifiManager_3161

WifiManager_3161 လေးပါ။ သုံးကြည့်ရင်အဆင်ပြေပါတယ်။
http://www.mediafire.com/?k0bcu9p8olc3bcx

Talking Tom Cat 2.1.3

 Talking Tom Cat 2.1.3 လေးပါ အရင်ထွက်တဲ့ကြောင်ထက်အဆင်ပြေတယ်ပိုကောင်းတဲ့ပူစီလေးပါ။ စမ်းကြည့်လိုက်ပါ။ မိုက်တယ်နော်။

http://www.mediafire.com/?rvdun3l6dsvfk7b