Friday, August 31, 2012

အဖြစ်များသော အဆစ်ရောင် ရောဂါများ


(ဂေါက်-Gout)

အမျိုးသားများတွင် ဖြစ်ပွားသော ဒူလာရောဂါကို ဂေါက်ဟု ဆိုကြသည်။ ဂေါက်ရောဂါသည် အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်လည်း ဖြစ်ပွားနိုင်သည်။
ဂေါက်ရောဂါဟူသည် လူလတ်ပိုင်းအရွယ်တွင် အများဆုံး ဖြစ်ပွားသည်။
ဂေါက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာ သွေးထဲတွင် ယူရစ် အက်ဆစ် (Uric Acid) များသောကြောင့် ဖြစ်သည်။ ယူရစ် အက်ဆစ် ဆိုသည်မှာ ပရိုတင်းတမျိုးဖြစ်သော ပြူရင်း (purine) မှတဆင့် ဖြစ်ပေါ်လာသည့် အက်ဆစ်ဓာတ်ဖြစ်သည်။

ပုံမှန်အားဖြင့် ယူရစ် အက်ဆစ်သည် သွေး ၁၀၀-မီလီမီတာတွင် အမျိုးသားများ၌ ၂.၂ မှ ၇.၅ မီလီဂရမ် အတွင်းနှင့် အမျိုးသမီးများ၌ ၂.၁ မှ ၆.၄ မီလီဂရမ်အတွင်း ရှိသည်။ ပုံမှန်ထက် ပိုများသော ယူရစ် အက်ဆစ် တို့သည် ခန္ဓာကိုယ်ရှိ အဆစ်များသို့ ရောက်ရှိစုပုံပြီး အဆစ်ရောင်၍ နာကျင်ကိုက်ခဲခြင်း၊ အဖု (tophi) ထွက်ခြင်းတို့ ဖြစ်သည်။

ဂေါက်ဖြစ်ပွားသည့်အခါ အများအားဖြင့် ခြေမတွင် ဖြစ်ပွားသည်။ ခြေဆစ်၊ လက်ဆစ်၊ တံတောင်ဆစ်၊ ဒူးဆစ်၊ တင်ပါးဆုံနှင့် ပုခုံးဆစ်တို့တွင်လည်း ဖြစ်နိုင်သည်။ သွေးထဲတွင် ကိုလက်စထရော များသူ၊ အရက် အသောက် များသူ၊ ၀သူ၊ သောကများသူတို့သည် ဂေါက်ရောဂါရနိုင်သည့် အခွင့်အလမ်း ပိုမိုများသည်။

ဂေါက်ရောဂါ ရှိ-မရှိ သိနိုင်ရန် သွေးထဲရှိ ယူရစ် အက်ဆစ် ပမာဏကို တိုင်းတာကြည့်ရန် လိုအပ်ပါသည်။
ကုသရာတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ကုသရမည်ဖြစ်သည်။ အဆစ်ရောင်သည့်အခါ သောက်ရသော ဆေးနှင့် အဆစ်ရောင်ရမ်းခြင်း မရှိသည့်အခါ ရောဂါကို ထိန်းသည့်အနေဖြင့် သောက်ရသည့် ဆေးမှာ မတူညီကြချေ။ ဆေးပတ် လည်အောင် သောက်ရမည် ဖြစ်သည်။ ကြာရှည် ဆေးသောက်ရသည့်အခါ ပျက်ကွက်မှု မရှိစေရန်လည်း ဂရုပြုရမည် ဖြစ်သည်။

ဂေါက်ရောဂါ ကာကွယ်ရန် လုပ်ဆောင်ရာတွင် ၀သူတို့သည် ကိုယ်အလေးချိန် လျှော့ချရန် လိုအပ်သည်။ အရက်အလွန်အကျွံ သောက်ခြင်းကိုလည်း ရှောင်ကြဉ်ရမည် ဖြစ်သည်။ အဓိကအားဖြင့် အစားအသောက်ကို ဆင်ခြင်သင့်သည်။ အဆီဓာတ်နည်းသော အစားအစာများကို စားရမည် ဖြစ်သည်။ အသားဓာတ် (ပရိုတင်းဓာတ်) ပါသော အစားအသောက်များကို အသင့်အတင့် စားသင့်သည်။ အသားဓာတ်များသော အစားအသောက်တို့သည် ယူရစ် အက်ဆစ် ပမာဏကို မြင့်တက်စေနိုင်သည်။

ရှောင်သင့်သော အစားအသောက်များမှာ ကလီဇာ၊ အသည်း၊ ကျောက်ကပ်၊ ငါးသေတ္တာ၊ မျှစ်၊ ပုန်းရည်ကြီး၊ ပဲပင်ပေါက်၊ ကညွတ်တို့ ဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို စားသုံးနိုင်သည်။

( ရူမာတွိုက် အဆစ်ရောင် ရောဂါ-Rheumatoid Arthritis)
ရူမာတွိုက် အဆစ်ရောင် ရောဂါသည် နာတာရှည်ရောဂါ ဖြစ်သည်။ အဆစ်များရောင်၍ နာကျင်ကိုက်ခဲမှု ဖြစ်သည်။ ရောဂါဖြစ်ပွားမှု အကြောင်းရင်းကို မသိရချေ။ ရူမာတွိုက် အဆစ်ရောင် ရောဂါသည် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားသည်။ အမျိုးသမီးနှင့် အမျိုးသား ဖြစ်ပွားမှု အချိုးသည် ၃.၁ ဖြစ်သည်။ အသက် ၃၅-နှစ်မှ ၄၅ အတွင်း အများဆုံး ဖြစ်ပွားသည်။

အများအားဖြင့် လက်ချောင်း၊ လက်ကောက်ဝတ် အဆစ်များ ရောင်ပြီး ပခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူး၊ ခြေကျင်းဝတ် အဆစ်များလည်း ရောင်သည်။ နံနက်ပိုင်းတွင် အဆစ်များ တောင့်တင်းလေ့ရှိသည်။ အနည်းဆုံး တနာရီကြာသည်။ အဆစ်သုံးခု သို့မဟုတ်-သုံးခုထက် ပိုရောင်တတ်သည်။ အရေပြားအောက်တွင် အကျိတ် ထွက်တတ်သည်။ ရောဂါရှာဖွေရန် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်သည်။ ဓာတ်မှန်တွင် အရိုးစားနေခြင်းကို တွေ့နိုင်သည်။

ကုသရာတွင် လေ့ကျင့်ခန်း physiotherapy ပြုလုပ်ခြင်း၊ အဆစ်ကို အနားပေးခြင်း၊ အကိုက်အခဲပျောက် ဆေးများ သောက်ခြင်းတို့ဖြင့် ကုသသည်။ ဆေးကို စနစ်တကျ သောက်ရန် လိုအပ်သည်။ မိမိသဘောဖြင့် အကိုက်အခဲပျောက်ဆေးများ ၀ယ်ယူသောက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ အဆစ်ရောင်ခြင်း စဖြစ်ချိန်တွင် ကုသသင့်သည်။ ကုသမှု နောက်ကျလျှင် အဆစ်များ ကွေးကောက်ခြင်း ဖြစ်နိုင်သည်။

( လေးဖက်နာ ရောဂါ-Rheumatic Fever)
လေးဖက်နာ ရောဂါသည် Group A Hameolytic streptococcus ခေါ် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည်။ အသက် ၅-နှစ်မှ ၁၅-နှစ်အတွင်း အဖြစ်အများဆုံး ဖြစ်သည်။ အသက် ၅၀-အထိလည်း ဖြစ်နိုင်သည်။ လူနေ ထူထပ်သည့်နေရာ၊ လေကောင်းလေသန့် မ၀င်နိုင်သည့် နေရာတို့တွင် အများဆုံး ဖြစ်တတ်သည်။ လေးဖက်နာရောဂါ မဖြစ်မီ တပတ်မှ သုံးပတ်အတွင်း လည်ချောင်းနာခြင်းကို ခံစားရသည်။ ဖျားပြီး အဆစ်များရောင်၍ ကိုက်ခဲသည်။ အဆစ် တခုမှတခုသို့ ပြောင်းပြီး ကိုက်ခဲသည်။ ဒူးဆစ်ကဲ့သို့ အဆစ်ကြီးများ ရောင်၍ ကိုက်ခဲလေ့ရှိသည်။ အဆစ်တခုတွင် ရက်အနည်းငယ်သာ ဝေဒနာကို ခံစားရသည်။

အကျိတ်များထွက်တတ်သည်။ ခြေထောက်တွင် အဖု Crytrema notogum များ ထွက်တတ်သည်။ Chorea ခေါ် ကိုယ်လက်လှုပ်ရှားနေမှုကို ခံစားရသည်။ လေးဖက်နာရောဂါသည် မကြာခဏ ဖြစ်ပွားပြီး နှလုံးကို ၀င်ရောက်ပြီး နှလုံးရောဂါကို ဖြစ်စေသည်။ နှလုံးရောင်ခြင်းကို လူနာ ၄၀-ရာခိုင်နှုန်းတွင် တွေ့ရှိရသည်။ နှလုံး အဆို့ရှင်များကို အမာရွတ် ဖြစ်စေသည်။ ထို့အပြင် နှလုံးကြွက်သားများ ရောင်ခြင်း၊ နှလုံးအပေါက်ကျဉ်းခြင်း သို့မဟုတ်-ကျယ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

လေးဖက်နာ ရောဂါကို ရှာဖွေရန် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း၊ အီးစီဂျီ ရိုက်ခြင်း၊ သွေးထဲရှိ Aso titre စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်သည်။ သွေးရှိ Aso titre သည် ၂၀၀-ထက်များလျှင် လေးဖက်နာရောဂါရှိကြောင်း သိနိုင်သည်။ လေးဖက်နာ ရောဂါရှိကြောင်း သိရှိရသည်နှင့်တပြိုင်နက် ကုသမှုကို ခံယူရမည်ဖြစ်သည်။ ပင်နီစလင် ဆေးပြား သောက်ခြင်း သို့မဟုတ်-ပင်နီစလင်ဆေး ထိုးခြင်းကို ပြုလုပ်ရမည်။ တလတကြိမ် ဆေးထိုးရန် လိုအပ်ပြီး အနည်းဆုံး ၅-နှစ်ကြာ ကုသမှုကို ခံယူရမည်ဖြစ်သည်။ နှလုံးကို ထိခိုက်ခဲ့လျှင်မူ ၁၀-နှစ်ကြာအထိ ကြည်ရှည်စွာ ကုသရမည်ဖြစ်သည်။ ယခုအခါ အသက် ၃၀-နှစ်အထိ ကုသရန် လိုအပ်ကြောင်း အကြံပြုထားမှု ရှိသည်။

နှလုံးအဆို့ရှင် ပျက်စီးလျှင် ဆေးဝါးဖြင့် ကုသပြီး သက်သာနိုင်သော်လည်း နှလုံးအဆို့ရှင် ပိတ်ခြင်းအတွက် အဆို့ရှင် လဲခြင်း၊ အဆို့ရှင် ပြင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

( Osteoarthritis)
အများဆုံး ဖြစ်လေ့ရှိသော အဆစ်ရောင်ရောဂါ ဖြစ်သည်။ အရိုးခြင်း ထိဆက်နေသည့် အဆစ်များမှ ထိပ်အုပ်သဖွယ်ဖြစ်သည့် အရိုးနုများ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသဖြင့် အဆစ်များရောင်ရမ်း တောင့်တင်းကာ နာကျင်ပြီး ဒူး၊ ခါး၊ တင်ပါးဆုံ၊ လက်ကောက်ဝတ်၊ လက်ချောင်း စသည့် လှုပ်ရှားမှုအများဆုံး အဆစ်တို့တွင် ဖြစ်လေ့ရှိသည်။

အသက်ကြီးသူများတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်သည်။ လူရွယ်ပိုင်းတွင်လည်း ဖြစ်တတ်သည်။ ၄၅-နှစ်ကျော်လျှင် ပိုဖြစ်နိုင်သည်။ အမျိုးသားများတွင် ပိုမို ဖြစ်ပွားသည်။ ၀သူတို့တွင် ကိုယ်အလေးချိန် ပိမှုကြောင့် ဒူးဆစ်တွင် ဖြစ်ပွားလေ့ရှိသည်။
ဒူးဆစ် သို့မဟုတ်-တင်ပါးဆုံတို့တွင် ထိခိုက်ဒဏ်ရာ ရဖူးလျှင် ပိုဖြစ်နိုင်သည်။
အလုပ်အကိုင်ကြောင့်ဖြစ်စေ၊ အကြိမ်များစွာ အသုံးပြုရသော အဆစ်များတွင် ပိုဖြစ်သည်။
မွေးရာပါ အရိုးနု ချို့ယွင်းသူ၊ အဆစ် အံဝင်ခွင်ကျ ပုံမှန် မရှိသူတို့တွင် ပိုမို အဖြစ်များသည်။
လေးဖက်နာ ရောဂါတွင် အရိုးနုများ၏ ပုံမှန်ဖွဲ့စည်းမှုနှင့် လုပ်ဆောင်ချက် ပြောင်းလဲမှုကြောင့် အဆစ်များ ထိခိုက်ပြီး ရောင်ရမ်းသည်။

အဆစ်များ၏ အရိုးနုများ ထိခိုက်ခြင်းဖြင့် စတင်ဖြစ်ပွားသည်။ အရိုးနု ပျက်စီးလျှင် ခန္ဓာကိုယ်မှ အရိုးနုအစားထိုး တည်ဆောက်ပေးသည်။ သို့သော်-အရိုးနု ပျက်စီးမှုများလျှင် အတွင်းအရိုးထိ ပျက်စီးပြီး အရိုးနု အစား အရိုးသစ် ဖြစ်လာသည်။ ယင်းအရိုးသစ်သည် အဆစ်များ လှုပ်ရှားမှုကို မပြေပြစ် မချောမွေ့စေနိုင်သဖြင့် အဆစ်နာခြင်း၊ အရိုး အတက်ထွက်ခြင်းတို့ ဖြစ်သည်။

ကုသရာတွင် Glucosamine, Chondroitin စသည့် ဆေးများဖြင့် ကုသသည်။ ယင်းတို့သည် အရိုးနုများကို ပြန်လည်ဖြစ်ထွန်းစေသည်။ ဆေးကို နှစ်ပတ်ခန့် သောက်ရသည်။

(ဒေါက်တာ အောင်သန်း)
(၂၀၀၅- မတ် အပျိုစင်)

Gout ဂေါက်


Medical Writings - Medical Writings
Written by Administrator   
Monday, 13 June 2011 17:17
gout x-ray21 Sep 10, 03:27
လေးဘက်နာနဲ့ အဆစ်နာ အကြောင်းတွေကို ရှာတွေ့ ပေမဲ့ ဂေါက်အကြောင်း သတ်သတ်ရေးထားတာ မတွေ့မိလို့ သိချင်ပါတယ် ဆရာ။
“ဂေါက်” ဆိုတာ အဆစ်မှာ နာ-ရောင်-နီ-ပူ ဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာ အများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။ အနောက်နိုင်ငံတွေမျာ လူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။ ဖြစ်တဲ့သူလဲ တိုးလာနေသေးတယ်။
ဂေါက်ရောဂါကို “ရှင်ဘုရင်ရောဂါ” လို့လဲ ပြောစမှတ် ရှိတယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂလန်ဘုရင် လူဝကြီး Henry VIII ဟင်နရီ၊ Charlemagne ရှာလ်မိန်း၊ ရိုမန်-အင်ပါယာ Charles V ပဉ္စမြောက် ချားလ်တို့မှာ ဖြစ်ခဲ့လို့ပါ။ နောက်ပြီး နာမည်ကြီးတွေ ရှိပါသေးတယ်။ Leonardo da Vinci လီယိုနာဒို-ဒါဗင်ချီ၊ Voltaire ဗော်လ်တဲယား၊ Sir Isaac Newton နယူတန်၊ Charles Darwin ချားလ်စ်-ဒါဝင်၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူပေါ်က Benjamin Franklin ဘင်ဂျမင်-ဖရင့်ကလင် တို့မှာလဲ ဂေါက်ရောဂါ ရှိခဲ့ကြတယ်။

အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလဲ ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ် နေတတ်တယ်။ ဆေးတွေထဲက Diuretics, Niacin, Aspirin, Cyclosporine, Ciclosporin, Tacrolimus ဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။

မျိုးရိုးကနေ ၆ဝ% မှာ သက်ရောက် စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့ အစားအသောက်ကလဲ ၁၂% ဖြစ်စေဘို့ အားပေးတယ်။ ဂေါက်ကို Rich Man's Disease “လူချမ်းသာ-ရောဂါ” လို့ပါ ပြောတယ်။ ရောဂါရစေနိုင်တဲ့ အစားတွေဟာ ဈေးကြီးလို့ပါ။ အသား၊ ပင်လယ်စာ၊ ငါး၊ နဲ့ အသဲ၊ ကျောက်ကပ်၊ ဦးနှောက်၊ ကလီစာတွေ ဖြစ်တယ်။ အရက်၊ Fructose အချိုရည်သောက်တာ ဒီရောဂါအတွက် မကောင်းပါ။ ကော်ဖီ၊ ဗီတာမင်-စီ၊ နို့သောက်တာနဲ့ ကိုယ်ကာယ သန်စွမ်းနေတာတွေက အဖြစ်နည်းစေပါတယ်။

Gout ရောဂါရဲ့ အကြောင်းတရားခံက သွေးထဲမှာ (ယူရစ်-အက်စစ်) တွေ များနေလို့ ဖြစ်ရတာပါ။ Uric acid ဆိုတာ အစားထဲမှာ ပါတဲ့ Purines ကနေဖြစ်တယ်။ Purine metabolism ချက်လုပ်တဲ့ ဖြစ်စဉ် ပျက်ယွင်းလို့ ဖြစ်တာပါ။ အဲဒီကနေ လာတဲ့ Crystal အမှုံတွေက အဆစ်တွေ၊ အရွတ်တွေမှာ လာစုပုံနေကြတယ်။ သွေးစစ်ရင် Uric acid levels မြင့်နေမယ်။ တဝက်လောက်မှာတော့ မများပြန်ဘူး။ ယောက်ျားတွေမှာ 420 μmol/L (7.0 mg/dL) အမျိုးသမီးတွေမှာ 360 μmol/L (6.0 mg/dL) ဆိုရင် များတယ်။ သွေးဖြူဥလဲ များနေမယ်။ Septic arthritis ပိုးဝင်တဲ့ အဆစ်ရောင်ရောဂါ၊ Rhumatoid arthritis (ရူမတွိုက်) တွေနဲ့ ခွဲခြားရမယ်။

ကုတဲ့အခါ ဆေးသောက်တာနဲ့ အစားရွေးစားတာ ၂ မျိုးလုပ်ရတယ်။ (NSAIDs) ဆိုတဲ့ လူအများ သုံးကြတဲ့ အနာ-အကိုက် ပျောက်ဆေးကို ပဌမဆေးအနေနဲ့ သုံးရတယ်။ ဆေးအမျိုးမျိုးရှိပေမဲ့ ဘယ်ဆေးက ပိုကောင်းတယ်လို့တော့ မပြောနိုင်ဘူး။ Indomethacin ကို အများဆုံး သုံးပြီး၊ Ibuprofen ကိုလဲ သုံးတယ်။ ဆေးသောက်ပြီး၊ ၄ နာရီကြာရင် သက်သာလာမယ်။ ၁-၂ ပါတ်ကြာအောင် ဆက်သောက်ပါ။ သတိထားဘို့က အစာလမ်း လေနာ သွေးယိုမှာ စိုးရသူ၊ နှလုံး မကောင်းတော့ သူတွေကို မပေးသင့်ဘူး။ ဆေးတွေရဲ့ ဘေးထွက် ဆိုကျိုး စိုးရိမ်ရသူတွေကို Proton pump inhibitor လေနာဆေးနဲ့ တွဲ ပေးမယ်။

Colchicine ဆေးကိုလဲ သုံးတယ်။ အစာလမ်းကို ထိခိုက်တတ်လို့ သတိထားရမယ်။ Atorvastatin တို့ Erythromycin တို့နဲ့ တွဲမပေးသင့်ဘူး။ Steroids (စတီရွိုက်) ဆေးကို စားဆေးသာမက ထိုးဆေးအနေနဲ့လဲ သုံးတယ်။ နောက်ပြီး Allopurinol နဲ့ Probenicid, Febuxostat ဆေးတွေကို ရေရှည်အတွက်နဲ့ ဖြစ်မလာအောင် ကာကွယ်ဘို့ အတွက် သုံးရတယ်။ ရုတ်တရက် ရောဂါထတာ သက်သာပြီး၊ ၁-၂ ပါတ်နေမှ ပေးတယ်။ NSAID or Colchicine နဲ့တွဲပြီး ၃-၆ လ ကြာ ပေးရတယ်။ Allopurinol ဆေးက Uric acid ထုတ်တာကို တားပေးတယ်။ ရေရှည် သုံးနိုင်တယ်။ ကျောက်ကပ် သိပ် မကောင်းသူတွေကိုလဲ ပေးနိုင်တယ်။ Probenecid ထက် ပိုကောင်းတယ်။ Febuxostat ကို အစားထိုး သုံးလာနေပြီ။ Pegloticase (Krystexxa) ဆေးကို ၂ဝ၁ဝ ကြမှ စသုံးလာတယ်။ တခြားသုံးနေကြ ဆေးတွေနဲ့ မတည့်သူ၊ ဆေးမှန်မှန် မကုသူတွေကို ပေးတယ်။ သွေးပြန်ကြောထဲ ၂ ပါတ်တခါ ထိုးရတာပါ။

နာတာရှည်သမားတွေမှာ ဖြစ်တဲ့အဆစ်က Joint deformity ပုံသဏ္ဌာန် ပြောင်းသွားတာမျိုး ဖြစ်လာတယ်။ ၅ နှစ် နောက်ပိုင်း Tophi ဆိုတဲ့ မနာတဲ့ အဖုမျိုး နားရွက်၊ ဖနောင့် စတဲ့နေရာတွေမှာ ဖြစ်လာတယ်။ ကျောက်ကပ်မှာ ကျောက်တည်က ဆီး အက်စစ်ဓါတ် များသူမှာ ပိုဖြစ်တယ်။ ဂေါက်ရှိသူတွေမှာ လည်ပင်ကြီး-ဟော်မုန်း နဲနေတာလဲ တွေ့ရတယ်။

Arthrocentesis ရောင်နေတဲ့ အဆစ်ထဲက အရည်ကို စုပ်ယူပြီး စမ်းသပ်တာက အသေခြာဆုံးပါ။ Uric acid crystals ဒါမှမဟုတ် ပိုးဝင်နေတာကို သိရမယ်။ X-ray ဓါတ်မှန်ရိုက်ရင် Tophi-crystal deposits နဲ့ အရိုး ပျက်စီးမှုကို သိရမယ်။

ဂေါက်ရောဂါ သမိုင်းမှာ ဂရိ-ဆေးပညာ ဖခင်ကြီး Hippocrates ကနေ သွေးမဆုံးမီ အမျိုးသမီးတွေ နဲ့ Eunuch သင်းကွပ် ထားသူတွေမှာ ဒီရောဂါ မဖြစ်ဘူးလို့ ဘီစီ ၄ဝဝ လောက်က ရေးမှတ်ခဲ့တယ်။ (မကွပ်ခြင်နဲ့နော်။) “ဂေါက်ရှိတယ် ဆိုတာ ဂုဏ်ယူစရာ” Gout - A badge of Honor and proud station in life လို့ ပြောစမှတ် ရှိလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ခရစ် မတိုင်ခင် နှစ် ၉ဝဝ က ဂျေရုဆလင် ဘုရင် Asa (အာဆား) ဟာ ဂေါက်နဲ့ နတ်ရွာစံတာမို့ပါ။ ဒါ့ကြောင့်လာ မသိ၊ ဗမာတွေက သေတာကို “ဂေါက်တယ်” လို့ ဘန်းစကားအဖြစ် ပြောကြတာထင်တယ်။

Dr. တင့်ဆွေ
၂၂-၉-၂ဝ၁ဝ

တညင်းသီး နှင့် သူ၏အဆိပ်.... အဆိပ်တွေနဲ့အသီး


အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီးအသက်ဆုံးရှုံး တဲ. အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်းပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း
တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော.အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါအသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကိုပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီးဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်
တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.အဆိပ်မျိုးဖြစ်ပါတယ်
ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင် ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်..ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။ညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်း သွားတယ်လို.ဆိုပါတယ်။
တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း
တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်လို.ဆိုတယ်။
ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍အကျဉ်းချုံးဖော်ပြပါသည်။)

Thursday, August 23, 2012

Gtalk မှာ မိမိ နာမည် မကျန်ခဲ့ စေချင်ရင်


ကျွန်တော်တို့ Gtalk သုံးတဲ့ အခါမှာ တော်တော် များများကတော့ အင်တာနက်ဆိုင်မှာ သုံးတာ များပါတယ်။

 အခုတင်ပြတဲ့ နည်းကတော့ အင်တာနက်ဆိုင်မှာ မိမိရဲ့ Gtalk Address တွေ မကျန်ခဲ့စေအောင် သုံးတဲ့ နည်းလေပါ။
 မိမိ Gtalk မ၀င်ခင် မိမိရဲ့ ရှေ့က ဘယ်သူတွေ Gtalk ၀င်သွားလည်း၊ သူတို့ရဲ့ Gtalk Address တွေက ဘာနာမည်လဲ ဆိုတာ သိချင်ကြပါလိမ့်မယ်။
နောက်တစ်ခုက မိမိ Gtalk ဝင်ခဲ့ရင်လည်း မိမိ Gtalk Address ကို သူများတွေ မသိအောင် ဘယ်လိုဖျက်မလဲ ဆိုတာတင်ပြပေးချင်ပါတယ်။ သူများ သိတော့ ကိုယ့်အကောင့်ကို Invite လုပ်မှာပေါ့။ အဲဒီတော့ စက်ထဲမှာ မိမိ Address မကျန်ရအောင် ရည်ရွယ်ရေးသားပါတယ်။

စလုပ်လိုက်ရအောင်။
  • ၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။( သို့မဟုတ်) Window+R ကို တွဲဖိပါ။
  • ၂၊ Run Box ကျလာပါက Regedit ကို ရိုက်ထည့်ပေးပါ။ Box ကျလာပါလိမ့်မည်။
  • ၃။ ထို Box ထဲတွင် Folder 5 ခုကိုတွေ့ပါလိမ့်မည်။ ထို Folder ၅ ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကို နှိပ်ပါ။ List ကျလာပါလိမ့်မည်။
  • ၄။ Software ရှာပါ။ တွေ့ပါက Software ဘေးရှိ + ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။
  • ၅။ Google ကိုရှာပါ။ တွေ့ပါက Google ဘေးရှိ + ကို ဆက်နှိပ်ပါ။ List ကျလာပါမည်။
  • ၆။ Google Talk ကို ရှာပါ။ တွေ့ပါက Google Talk ဘေးရှိ + ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။
  • ၇။ Account နှိပ်ပါ။ Gmail Address များကို တွေ့ရပါလိမ့်မည်။ အကယ်လို့ မိမိ Gtalk ၀င်ခဲ့တယ် ဆိုရင်တော့ မိမိ Gmail Address နာမည်ပေါ်နေပါလိမ့်မည်။ ဖျက်လိုပါက မိမိ နာမည်ပေါ်တွင် Right Clip နှိပ်၍ Delete ကို နှိပ်လိုက်ပါ။ Name/Type/Data တို့ အောက်ကျန်နေခဲ့ပါက Name အောက်ရှိ ဘေးပေါ်တွင် Right ကလစ်နှိပ်၍ Delete ကို နှိပ်ပေးပါ။